Tuesday, December 18, 2012 0 comments
ဂေါတမဘုရား၏ မှတ်တမ်းမှတ်ရာ
'ဗုဒ္ဓဝင်အကျဉ်းမှတ်ရန်'
၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး (ဒုက္ကရစရိယာ ကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက = ပဉ္စဝဂ္ဂီငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် = မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ = မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စီသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့
http://348dhamma.blogspot.com/
ဂေါတမဘုရားမှတ်တမ်းကိုတင်ပြလိုက်ရပေသည်။
0 comments
"နောက်ကျသူ " (ဒတ္တ )
စာရွက်တစ်ရွက်ကို ဆုတ်ဖြဲလိုက်တော့
ဒီဇင်ဘာကို ငါတွေ့တယ် …။
နှင်းတွေ . . . နှင်းတွေ
မြေပြင်ပေါ် အလုအယက်ခုန်ဆင်းနေလိုက်ကြတာ
ကြောက်မက်ဖွယ် တစ်စုံတစ်ခုကနေ
ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေကြသလိုမျိုး။
ပျံလွှားငှက်တွေလည်း
အုပ်စုဖွဲ့ ပျံသန်းလာကြလေရဲ့ …။
ညည်းတွားသံသဲ့သဲ့
လေနှင့်အတူ မျောလွင့်လာတယ် ..
ကံကောင်းခွင့်မရရှာတဲ့
အဆိပ်သင့် မက်မုန်ပွင့်များအတွက်တော့
ဒီဆောင်းဟာ ..ခါးသက်နေရော့မယ် …။
ပြိုးပြိုးပျက်ပျက် ..
ဆေးစက်ရောင်စုံချယ်သ
ပျော်စရာ ..ပွဲတော်ညများ
ဝတ်ရုံလွှာ ပါးပါး .. ဆံမျှင်စ ဖါးလျား
အနမ်းတို့ လန်းစွင့်ဝင့်ြွကား ..
အားလုံးလည်း မူးယစ်ရီဝေ ..
ခြေထောက်တွေ … ပျံသန်းနေလိမ့်မယ် …။
တစ်ချိန်က
အောင်မြင်ကျော်ကြားခဲ့တဲ့ ကောင်းကင်ကြီးတောင်မှ
မှုန်လို့မှိုင်းလို့ … ဒီဇင်ဘာဟန်ဆောင်လို့…။
ချစ်သူများရဲ့ ချိန်းဆိုထားတဲ့နာရီ
စေ့ရောက်ခဲ့ပြန်ပြီ …။
ဆွတ်ပျံ့ဖွယ်ဂီတနဲ့
အေးစက်စက် ခရစ္စမတ်ည
လရောင်တစ်စွန်းတစ်စကျနေတဲ့
ဝက်သစ်ချပင်အိုကြီးရဲ့အောက်
ချစ်တဲ့သူရေ
ဒီနှစ်လည်း ..တစ်ယောက်တည်း
စောင့်မျှော်လွမ်းရစ်ပေဦးတော့ …။
စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး
ဒီဇင်ဘာကို ငါမေ့မယ် …..။
ဒတ္တ
0 comments
ဇေယျာလင်းအရေးအသားလို မိန်းမ - အောင်ရင်ငြိမ်း
အနေအထိုင်မတတ်သူ
စာရွက်လှန်လိုက်မိတာက ငါ့အမှား
အဓိပ္ပါယ်ရွဲ့စောင်းလို့
ဝမရှိပဲဝိလုပ်ချင်တဲ့ရုပ်တု
မင်းဟာ ... ငါမကြိုက်တော့တဲ့ ကဗျာ
ငါမကိုးကွယ်နိုင်တဲ့ဘာသာရေး
ရှင်ပြောတော့ ကျွန်မကရှင်မဖွဲ့နွဲ့နိုင်တဲ့ သင်္ကေတဆို
ငါ
ဆွဲဆောင့်လိုက်ရရင်ပွင့်ထွက်သွားတော့မယ်
ပြောင်းလဲခြင်းဟာအမှန်တရား
အနိစ္စကိုစာလုံးမှန်အောင်မပေါင်းတတ်ပဲ
နထ္ထိဝါဒအကြောင်းလာမပြောနဲ့
အချစ်မရှိဘူးဆိုရင်ကျွန်မသတ်သေလိုက်တော့မယ်
ဘာလဲ
မင်းကဆီလီယာပလာသ့်မို့လို့လား
အနုပညာနဲ့အတင်းပြောတာ
လှပတဲ့အောက်တန်းကျမှုပဲ
ရော့ခ်.....ရော့ခ်
ရှင်ကျွန်မကိုစိတ်ဆင်းရဲအောင်မလုပ်နဲ့
ရော့ခ်.....ရော့ခ်
အစွယ်အဖွေးသားနဲ့
မြွေဟောက်လိုမိန်းမ
မင်းလေသံကို ကီးချိန်းစမ်း
မင်းလျှာကို ခေါက်ထားစမ်း
ကျွန်မတို့ရင်ကြားစေ့လို့မရနိုင်တော့ဘူးလား
မိတ္တဗလ ဋီကာစာသားတွေ
လူမှုဆက်ဆံရေးသင်တန်းမှာသွားပြော
ငွေကြေး လိင် နဲ့ ဂုဏ်ဒြပ်
မိန်းမတွေအလိုရှိတာ ဒါပဲမဟုတ်လား
အမှန်တရားမို့ နားခါးမယ်
ငါ့ကို
အဲ့ဒီ မြွေမျက်လုံးမျိုး နဲ့ မကြည့်နဲ့
ကိုယ့် အဓိပ္ပါယ် နဲ့ ကိုယ်နေ
အဖြစ်မှန်ကိုမြင်အောင်ကြည့်
အိမ်ထောင်ရေးဆိုတာ
လူနှစ်ယောက်အပြန်အလှန်စစ်ကြေငြာခြင်းပဲ
အချစ်ဆိုတာ
ယာယီ အပစ်အခတ်ရပ်စဲထားခြင်းပဲ
ငါဟာ
ပေါက်ကွဲဖို့အသင့်ဖြစ်နေတဲ့
ဗုံးတစ်လုံး
ရက်စ်အော်နိုး
ဒူးအော်ဒိုင်း
ဗို့အား ၆၆၀၀
သတိ အန္တရယ်
သေတတ်တယ်။
အောင်ရင်ငြိမ်း
0 comments
အရူးမှာ လိုင်စင်ရှိတယ် ( ကိုရွေး )
ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကပ်ကြေးသံတစ်ချပ်ချပ်က နားယားတယ်
ငါ့ခေါင်းကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ရှိသေးတယ်
သံသရာဟာ ဘောလုံးပွဲမှာ သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ဘက်ခမ်း၊ဘန်ပါစီ၊မက်စီ၊ကာကာ
ငါ့ရှေ့ရောက်သလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီလုံးရှေ့က ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင် စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊စိတ္တဇဝေဒနာသည်လား
သူ့ အမူအယာတွေ၊လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ဖြစ်ပါမလား
တကယ့်တော့ဗျာ နံရံမှာချိပ်ထားတဲ့ ကျားခေါင်းနေရာမှာ
ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိပ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား လူတွေစိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူအတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးကို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ပြုတ်ကျလာပုံ၊ကြောင့်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့် အတွင်း အဖြစ်အပျက် သူ့မျက်နှာဟာ
သူဘာမှမလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေးတိကျ၊မြန်ဆန်လွန်းတယ်
သူမျက်နှာရှေ့ တ၀ီဝီပျံသန်းနေတဲ့ ယင်ကောင်ကိုဝိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ၀တ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ဝိုင်းဟာ
ငါ့ ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ဂုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြုတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်းကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကြော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို
သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။
ကိုရွေး
0 comments
အမတ်မင်းများနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးအင်အားစုများသို့ အကြံပြုချက် - ဒေါင်းခေတ်
ဤနေရာတွင် ကျနော်နဲနဲအကြံပြုချင်သည်မှာ မိကျောင်းမင်းရေခင်းပြတာလဲမဟုတ်ပါ...လူကြီးမင်းများသိပါလိမ့်မယ်....ယခင်တုန်းကနိုင်ငံတနိုင်ငံဖွံ့ ဖြိုးတိုးတက်မှုနဲ့ အပြောင်းအလဲဆိုင်ရာများမှာ စီးပွားရေးနဲ့ စစ်ရေးချိန်ခွင်လျှာမျှမှုကနေ ယခုအခါ စီးပွားရေး စစ်ရေးနဲ့ နည်းပညာဆိုပြီးပါဝင်လာပါသည်..။ထို့ အတူ ထင်ရှားတဲ့ သတင်းနဲ့ နည်းပညာ တော်လှန်ရေးတရပ်အဖြစ် ကမ္ဘာတ၀န်းက အာရပ်နွေဦးကိုထောက်ပြခဲ့ပါတယ်..။ဒါဟာနည်းပညာရဲ့ စွမ်းအားကိုထုတ်ပြလိုက်နိုင်တဲ့ အချက်ဖြစ်ပါတယ်...လွန်ခဲ့သောလများကလဲ အမေရိကန်နိုင်ငံတခုကပညာရှင်တယောက်ဟာ တရုတ်နိုင်ငံကို အာရပ်နွေဦးလိုမျိုး(စင်ကျန်နဲ့ တိဗက်နယ်တွေကကိစ္စတွေကနေဖြစ်ပွားနိုင်တယ်လို့ )သုံးသပ်ပြခဲ့ပါတယ်။တရုတ်နိုင်ငံ့ခေါင်းဆောင်ကြီးများဟာလဲ ၁၉၉၀ မျိုးဆက်လို့ ခေါ်တဲ့ အင်တာနက်သုံးလူငယ်မျိုးဆက်တွေကို တော်တော်လေးကြောက်လာကြပါတယ်။အင်တာနက်ပ်ါမှာ လွတ်လပ်စွာထုတ်ဖော်လာကြပါတယ်..။ထို့ အတူ နိုင်ငံတနိုင်ငံဟာလဲအင်တာနက်ရေစီးကြောင်းကြောင့်လဲပြိုသွားနိုင်လို့ တရုတ်ပြည်တွင်းမှာဖြစ်သမျှအဓိက၇ုဏ်းများကိုတော်တော်လေး သတိထားပြီး ဖြေရှင်းနေတာတွေမြင်နိုင်ပါတယ်..။   မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲသူလူတန်းစားဟာနည်းပါးနေပြီး နည်းပါးနေသလောက်မှာတောင် ဟိုးယခင်က ရက်စက်သည့် သတင်းများကို ကျနော်တို့ သိမြင်နိုင်နေပါပြီ..။သတင်းများအစည်းအတားမရှိဖြစ်ပေါ်လာနေပါတယ်..။ကျောင်းသားတွေ နတ်ပွဲတင်ပြီးစာမေးပွဲဆုတောင်းတာကအစ ဦးအောင်သိန်းလင်းအဆုံး အတွေးအခေါ်တော်လှန်ရေးတွေများများစီးဆင်းဖြစ်ပေါ်လာနေပါတယ်..။ဟိုတလောကလွှတ်တော်အမတ်များအနေဖြင့် တင်သွင်းသည့် အဆိုများတွင် ရုပ်ရှင်ရုံရှိနိုင်ငံတော်အလေးပြုရမည်ဟုဆိုသည်များ တင်သွင်းသည်များမှာ ခေတ်အလွန်ဟောင်းနေသည့် သဘောတရားများနှင့် တော်တော်လေးကိုမထိရောက်သည့် ဥပဒေများဖြစ်နေပါသည်..။(လူဆိုတာပါဝင်စီးမျှောမှုရှီမှ လိုက်နာတတ်ပါတယ်)။အင်တာနက်ပေါ်က လူတွေနိုင်ငံရေးစီးမျှောမှုတွေကိုဝင်ရောက်ကြည့် ရှစေလိုပါတယ်။  ယခုဆန်ရှင်ဖွင့်ပြီ နိုင်ငံခြားရင်းနှီးမြှပ်နံ့ မှုတွေလာနေပြီ ထို့ ပြင် အာစီယံလွတ်လပ်စွာကုန်သွယ်ရေးတို့ လဲလာနေပြီကျနော်တို့ ဘာလုပ်မည်နည်း။ မြန်မာပြည်ဖယောင်းတိုင်လှုပ်ရှားမှုသည် ဥပမာတခုအသွင်ပြသလျှက်ရှိပါသည်..။လူတန်းစေ့မဟုတ်လျှင်တောင် အများစုဟာ အင်တာနက်ကိုအဖိုးနှုန်းချိုသာစွာနှင်အသုံးပြုနိုင်ရေးလုပ်ရပါမည်။့ထို့ အပြင်  အင်တာနက်ပေါ်တွင်လွတ်လပ်စွာထုတ်ဖော်မှုကိုပါပိတ်ပင်ထားသည့် အီလက်ထရောနစ်လိုပုဒ်မမျိုးကိုပါ ဖယ်ရှားသည့် အဆိုများတင်သွင်းစေလိုပါသည်..။    ပထမဆုံးတချက်အနေနဲ့ အပြောင်းအလဲများလုပ်မည်ဆိုလျှင် လူထုကိုအားကိုးရပါမည်..။လူထုနိုင်ငံရေးရေချိန်နဲ့ ယဉ်ကျေးမှုရေချိန်မြင့်မားစေရန်နည်းပညာက ပထမဆုံးအရေးပါနေပါသည်..။ထိုသည်ကိုသိချပ်စဉ်းစားစေလိုပြီး လုပ်ဆောင်စေလိုပါသည် ။                                                                                                                                            ဒေါင်းခေတ်
0 comments
ကားလ်မာ့က်စ် ပြန်လည်မွေးဖွားခြင်း (မိုဃ်းဇော် )
ကားလ်မာ့က်စ် ပြန်လည်မွေးဖွားခြင်း (မိုဃ်းဇော် )
ကားလ်မာ့က်စ်သေဆုံး ပြီးတဲ့နောက်
ဖက်ဆစ်မိုးတွေ ရွာခဲ့တယ် ။
ဖက်ဆစ်မိုးတွေ ရွာသွန်းပြီးတဲ့နောက်
ညောင်ပင်အောက်မှာ
ယောဂီတစ်ယောက် ရှိခဲ့တယ် ။
ညောင်ပင်အောက်မှာ
ယောဂီတစ်ယောက် ရှိခဲ့ပြီးတဲ့နောက်
ရွာတစ်ရွာမှာ
လူအားလုံး သတ်ဖြတ်ခံရတယ် ။
ရွာတစ်ရွာမှာ
လူအားလုံးသတ်ဖြတ်ခံရပြီးတဲ့နောက
ဟိုတယ်ပေါ်မှာ
ပျော်မွေ့ နေတဲ့ကွန်ပိုဇာ တစ်ယောက်ရှိခဲ့တယ် ။
ဟိုတယ်ပေါ်မှာ
ပျော်မွေ့ နေတဲ့ ကွန်ပိုဇာတစ်ယောက် ရှိခဲ့ပြီးတဲ့နောက်
အင်္ဂလန်မှာ
မံမီဆေးစိမ်ထားတဲ့ ဘောလုံးသမားတစ်စု ရှိခဲ့တယ် ။
အင်္ဂလန်မှာ
မံမီဆေးစီမ်ထားတဲ့ ဘောလုံးသမား တစ်စုရှိခဲ့ပြီးတဲ့နောက်
လမ်းတွေပေါ်မှာ
လောင်မီးကျနေတဲ့ အလံကိုင်တွေ ရှိခဲ့တယ် ။
လမ်းတွေပေါ်မှာ
လောင်မီးကျနေတဲ့ အလံကိုင်တွေရှိခဲ့ပြီးတဲ့နောက်
ကားလ်မာ့က်စ်ကို ပြန်လည်မွေးဖွားခဲ့တယ် ။
မိုဃ်းဇော်
0 comments
ဒါကဗျာ မဟုတ်ဘူး
နိုင်ဝင်းဆွေ ရေးသလိုရေးချလိုက်မယ်
“ ဒါကဗျာ မဟုတ်ဘူး ”
ကားလိုလို့ တောင်းတာမဟုတ်  ၊ တိုက်လိုလို့ တောင်းတာမဟုတ်
စိုက်ဖို့ပျိုးဖို့အတွက် မြေနေရာပျောက်သွားလို့ ဆန္ဒဖ်ာတဲ့ပွဲ
အဆင့်မြင့်ကျောင်း ၊ ခေတ်မီဆေးရုံ ၊ လမ်းကောင်းလမ်းသစ်တွေ တောင်းတာမဟုတ်
အိမ်ဖျက်ရွာပြောင်း ၀မ်းဟာလို့ ၀မ်းစာပြည့်လိုတဲ့ ဆန္ဒဖော်တဲ့ပွဲ
ကိုယ်နင်းတဲ့မြေ ကိုယ်သောက်တဲ့ရေ ကိုယ်ရှုတဲ့လေအတွက်
တောင်ဖြို ၊ တောဖျက် သဘာဝပတ်ဝန်းကျင်ပျက်လို့ ဆန္ဒဖော်တဲ့ပွဲပါ
ဒီပွဲမှာ .......
နင်းပြားဆင်းရဲသား ၊ အောက်ခြေလူတန်းစား ၊လယ်သမားနဲ့သံဃာ
တုတ်ဆွဲမလာဘူး ၊ ဓားဆွဲမလာဘူး ရသင့်တဲ့ အခွင့်အရေးအတွက်
မြန်မာ့နိုင်ငံရေးက စူပါတွေမပါ ၊ ဒေသခံ ရွာသူရွာသားရှိသမျှစုပြီး
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲမှာ
မင်းသားခေါင်း ဆောင်းတဲ့ဘီလူးယုတ် အစွယ်ထုတ်ပြ
သန်းရွှေရဲ့   စစ်ခွေးလက်ကျန် သမ္မတ မာန်ဖီပြခဲ့
သွေးဆာနေတဲ့ နောက်လိုက်ခွေးတစ်စု ရဲ့ လူမဆန်စွာ
လူမဟုတ် လူယုတ်တွေ သဏ္ဍန် ၊ သရုပ်ဖော်တဲ့ည
 ၂၀၁၂ ခုနှစ် ၊  ဆေးပေါင်းခတဲ့ သန်းခေါင်လပြည့်ည
မုံရွာနားက လက်ပံတောင်း ဟာ သွေးနဲ့ချွေးနဲ့ရေးခဲ့ရပြန်ပါပြီ ။
လက်ပံတောင်းအဓိကရုန်းမှာ ဘယ်သူတွေ တာဝန်အရှိဆုံးပါလဲ ?
လက်ရှိနိုင်ငံရေးဇာတ်ခုံပေါ်မှာ ကပြအသုံးတော်ခံနေတဲ့သူ အားလုံး ......
(၁) ငြိမ်းချမ်းရေး ဖော်ဆောင်နေပါတယ် ဆိုတဲ့ ၀န်ကြီးအောင်မင်း
      တရုတ်ကျေးဇူးအထူကြီးမားလှပါတယ်ဆိုတဲ့ ၀န်ကြီး
      သူ့အဖေ ဦးပိုင်နဲ့ဝမ်ပေါင်ကိုထိတော့ ဆတ်ဆတ်ထိမခံနိုင် လက်ပတောင်းပြေးပြီး
      တစ်ထွာတစ်မိုက်ဥာဏ်လေးနဲ့ ငါဝန်ကြီးပဲဆိုပြီး ငါ့စကားနွားရ
     လက်ပံတောင်းက သံဃာတွေနှဲ့ဆန္ဒဖော်သူတွေကို တရားပြသလိုလို ခြိမ်းခြောက်
     တပတ်အတွင်းညှိပေးပါမယ်ဆိုတဲ့ အဖြေစကားနဲ့ ဒီအဓိကရုန်းကို ခင်ဗျားစပွားလိုက်တယ်။
(၂) စာမပေးတဲ့ သာအေး
      ခင်ဗျားဟာ တကယ့်သွေးဆာ နေတဲ့ တကယ့် ငရဲခွေးကြီးပဲ
      သံဃာနဲ့လူထုကို မီးလောင်ဗုံးနဲ့ထုမှ ရမတဲ့လား
      ခင်ဗျား လုပ်လိုက်တဲ့ အမှုက ချဲဒိုင်အိမ် ၀င်ဖမ်းတာမဟုတ်ဖူး
      ဆေးရုံက ဆရာဝန်တွေလို လွယ်လွယ် ဖြုတ်ပစ်တာမဟုတ်ဘူး
      ခင်ဗျား ကိုးကွယ်နေတဲ့ ဘုရားရဲ့ သားတော်တွေ
      ခင်ဗျားကို လစာပေး ထမင်းကျွေးနေတဲ့ အောက်ခြေလူတန်းစား လယ်သမားတွေမှာ
      ခင်ဗျားရဲ့ ချီးစားတဲ့ ပါးစပ်က ထွက်လိုက်တဲ့အမိန့်အောက်မှာ
      သံဃာနဲ့လူထု ရဲ့ ဒဏ်ရာ အနာတွေ သေရွာပါသွားခဲ့ရပြီ ။
(၃) ပြည်သူ့ရဲ့တပ်ဖွဲ့တဲ့
      ဘယ်ပြည်သူအတွက်လည်း မေးကြည့်ပါရစေဦး
      အထက်ကပေးတဲ့ အမိန့်အတွက် ပြည်သူဘက်ကို မီးလောင်ဗုံးပစ်သွင်း
      စာနာမှု ညှာတာမှု ခံစားမှုကင်းတဲ့ ရိုဘော့တွေလား
      ခင်ဗျားတို့ကို ဘယ်ငရဲက လွတ်လာလို့ လက်ရဲဇက်ရဲနိုင်ခဲ့ကြတာလည်း
      ငိုစားရီးစား အထက်ဖားအောက်ဖိ တဲ့ စောက်ကျင့် ခုချိန်ထိကျင့်နေကြတုန်းပဲလား
      အာဏာကိုသေနပ်ပြောင်းဝက ထွက်ချင်ကြတုန်းပဲလား
      နေ၀င်းပြောခဲ့တဲ့ စကား ခုထိမှတ်သားပြီး တည့်တည့်ပစ်နေကြတုန်းလား
     အထက်အမိန့်ကို မလွန်ဆန်နိုင်ဟန်နဲ့ ပစ်ပြီးမှတောင်းပန်သမှုပြု
     ခင်ဗျားတို့ ထုရမှာ ပြည်သူနဲ့ဘုန်းကြီးတွေဆိုတဲ့ သတိ အသိလေးများ နည်းနည်းမှ မရှိတော့ဘူးလား
ကျုပ်တစ်ခုပြောကြည့်ပါဦးမယ်
စိတ်မဆိုးကြေး
အမေစု ခင်ဗျား.............
အစကတည်းက လက်ပတောင်းကိုကြည့်ခဲ့ရင် ခင်ဗျားသိမယ်
“ ဒီလိုသာ ဆန္ဒတွေ ပြနေရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမယ် ” တဲ့လား
  မဆင်မခြင် ပြောလိုက်တဲ့ လူထုခေါင်းဆောင်ရဲ့ အသံ တစ်နိုင်ငံလုံ ညံသွားတယ်
  မမှန်ဘူးလား ဆိုတော့ မှန်တယ် ။ မမှားဘူးလားဆိုတော့ မှားတယ်။
  လူထုကိုချမပြရဲတဲ့ စစ်အုပ်စု နဲ့ ၀မ်ပေါင်ရဲ့ ကျောချင်ကပ်ထားတဲ့ လက်ပတောင်းစီမံကိန်း
   လူထုက ဘာတွေတောင်းဆိုနေကြသလဲဖတ်ကြည့်ပေးပါဦး
   မမှန်မကန်ဆုံးရှုံးနေတဲ့ နိုင်ငံဘဏ္ဍာနဲ့ ဒေသခံတွေရဲ့ အခွင့်အရေးလေးနည်းနည်းပါးပါးပါ။
   အိမ်နီးချင်း ဘေးနိုင်ငံကို ရန်လုပ် အပြုတ်တိုက်ရေးလို့ အထင်မမှားနဲ့
   လူထုမှာ အဲဒီလောက်  နိုင်ငံရေး အသိဥဏ် မသေးသိမ် မကင်းမဲ့သေးပါဘူး
   လူထုပေးတဲ့ လူထုခေါင်းဆောင်က လူထုအရေး ထည့်မတွေးပေးတော့ဘူးလား?
   လူထုအရေးတွေနဲ့ နိုင်ငံတကာပေးတဲ့ ဆုတံဆိပ်တွေနဲ့သာယာမိန်းမော
   ပြီးတော့ နောက်ပြန်မလှည့်ရအောင် ဦးသိန်းစိန်နဲ့တွဲ က
   သမ္မတကြီးရဲ့ ဘုန်းတော်ဖွဲ့ နိုင်ငံတကာပတ်ပြီး ဇာချဲ့ခဲ့ပေမယ့် လူထုအရေးကျ မှ  ဆွံအ
   အခွင့်အရေးနဲ့ တာဝန်မပေးအချိန်မတန်သေးလို့ပါလို့ တော့ မပြောပါနဲ့
   ဦးသိန်းစိန်ရဲ့ လည်ပင်းက ခွေးသေကောင်ပုပ် အလျင်စလို ဖြုတ်ခဲ့တာ
   ခင်ဗျားအမှားပဲ .................
  2008 ဖွဲ့စည်းပုံ ပြင်နိုင်မယ်အထင်နဲ့ လွတ်တော်ထဲဝင်သွားခဲ့
  အဲဒီကစပြီး ကြက်တူရွေးအညောင်းမိသလို ငြိမ်ကုတ် တိတ်ဆိတ်
  လူထုပုံရိပ်တွေနဲ့တဖြည်းဖြည်း အဝေးကိုရောက်သွားခဲ့တာ
  ခင်ဗျား အမှားတွေပဲ ..........
  ဟော .... ခု ... ကြည့်တော့မြင်ပြီ မဟုတ်လား
  အော် ... အမေလာတဲ့ဟဲ့ဆိုပြီး
 ရဟန်းရှင်လူပြည်သူတွေ သေကောင်ပေါင်းလဲမီးလောင်စွဲမှ
 လက်ပတောင်းက  ဒဏ်ရာတွေပြပြီး  ကြိုကျရပေမဲ့
 လက်ပံတောင်းလူထုက အမေစုမှ အမေစုပါတဲ့
 စုံစမ်းရေးကော်မရှင်မှာ အမေစုဦးဆောင်မယ် ဆိုတော့
 အမေစု သဘော အမေစု သဘော ဆိုပြီး ယုံကြည်အားကိုးတဲ့စိတ်ပေါ်
 ခင်ဗျား တိတ်ဆိတ် မနေသင့်တော့ဘူး
 လူထုလိုချင်တာ ဒီမိုကရေစီနဲ့ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေး
 ခင်ဗျားယူပေးနိုင်မယ်ထင်နေကြတာ
 အိုဘားမား လာယုံလောက်နဲ့ ကြည်နူးနေဖို့မဟုတ်ဘူး
 လူထုလက်ခံမှ လူထုခေါင်းဆောင် လူထုချမ်းသာမှလူထုခေါင်းဆောင်ပီသမယ်
 လူထုခေါင်းဆောင် ပီသဖို့ လူထုရဲ့လိုအပ်ချက်ကို လူထုထဲဆင်းပြီး ဘ၀တွေကိုကြည့်
 နိုင်ငံတကာဆီမှာ အလှူခံတောင်းကျွေးတဲ့ အလုပ်ခင်ဗျား မလုပ်သင့်တော့ဘူး
 အလုပ်ကောင်းတွေပဲ တောင်းပေးပါ မှန်ကန်တဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရဖို့
 လူထုနဲ့တသားထဲ နေပေးရင်ပဲ ကျေနပ်လှပါပြီ ။
 လက်စနဲ့ မထူးတော့ပါဘူး
အိတ်ပူးများ ခင်ဗျာ့ .........
လက်ပံတောင်း အကြောင်းကို လက်ပံတောင်းသွားခဲ့ကြတဲ့ခင်ဗျားတို့
တစ်စွန်းတစ်စလေးများ မကြားခဲ့ မသိခဲ့ဘူးလား၊
ခင်ဗျားတို့ အသိမှာရော ပြည်သူတွေ မရှိကြတော့ဘူးလား
ခင်ဗျားတို့ သင်ပေးခဲ့တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လက်ပံတောင်းက ဖွင့်ပြောခဲ့ပြီလေ
ဝက်မှေးရွာသူပြောတဲ့ရင်ဖွင့်သံတွေ ခင်ဗျားတို့ရင်ကို လာမမှန်ဘူးလား
မီးလောင်ဒဏ်ရာနဲ့ သံဃာတော်တွေနဲ့လူထုကို စာနာပေးပါတယ် ဆိုတဲ့ ခင်ဗျားတို့
ဒေါ်စုနဲ့လက်တွဲ ဒေါ်စုအခက်တွေ့နေချိန် ခင်ဗျားတို့က လူထုဘက်က ၀န်းရံမှု မပြုကြတော့ဘူးလား
ခင်ဗျားတို့ ပြောတဲ့ အခွင့်အရေး လက်ပံတောင်းအတွက် တောင်းမပေးကြတော့ဘူးလား
အိတ်ပူးတွေက ပူးနေကြပြီ ၊ မယောင်ရာဆီလူး စောက်ရူးတွေပါကွာ ဆိုတဲ့
ပြည်သူတွေပြောနေကြတဲ့ စကား ခင်ဗျားတို့ အလေးမထားကြတော့ဘူးလား
ခင်ဗျားတို့ပေးဆပ်ခဲ့တဲ့ နှစ်ရှည်လများဟာ စာရေးဖို့သက်သက်ပဲလား
အရေးအခင်းအကြောင်း ပြောပြနိုင်ဖို့သက်သက်တော့ လက်ပံတောင်းကို ဖွဲ့နွဲ့မနေပါနဲ့
အခုဆို လက်ပံတောင်း အလှဟာ ခင်ဗျားတို့ ရောက်တဲ့အချိန်ကစပြီး ဒဏ်ရာတွေနဲ့လှနေပါပြီ
စုံစမ်းစစ်ဆေးရေးမှာခေါင်းရှောင်ထွက် ဘယ်သူဘက်မှာ ရှိမလဲ
ပြည်သူတွေဘက်ကလား ၊ နောက်ပြန်လှည့်မှာစိုးတဲ့အတွက်
ဝန်ကြီး အောင်မင်းဘေး မှာပဲ ရွှေပြည်အေးတရားဟောနေတော့ မှာလား
အသံထွက်ကတော့ လှပါရဲ့ အဖိနှိပ်ခံပြည်သူတွေ အတွက် ကြွေးကြော်
မတော်ရင် သမ ခံရမှာကြောက်တော့ နေပြည်တော်ပြေး အောင်မင်းကို သံတော်ဦးတင်ရသေးသတဲ့
တစ်ခါလာနောက်ကြောင်းပြန်မှာစိုးတယ် နောက်ပြန်မလှည့်ရေးတဲ့
မသိလို့ မေးပါရစေ ... မြန်မာ့နိုင်ငံရေးဟာ ရှေ့ကိုရော သွားနေလို့လားဗျာ
မြန်မာ့နိုင်ငံရေးဟာ ခင်ဗျားတို့ လုပ်မှ ပိုဆိုးရှုပ်ထွေးနေသလားလို့
ဒီမိုကရေစီကို ငြိမ်းချမ်းစွာ ပြောင်းလဲနေတဲ့ နိုင်ငံတဲ့
ကချင်ပြည်သူတွေ စစ်ဘေး ဘယ်သူဘာလုပ်ပေးသလဲ
ရခိုင်အရေး စုံးစမ်းစစ်ဆေးရေးတွေဘာတွေဖွဲ့တာကလွဲပြီး ငြိမ်းအေးအောင်လုပ်ပေးကြလို့လား
ပြည်သူ တောင်းဆိုတာ မှန်သမျှ အသေးအဖွဲလေးက အစ
ဘယ်သူဘာလုပ်ပေးကြလို့လည်း
တပ်ချုပ်ကြီးတောင်းဆိုတဲ့ အစေခံတွေရဲ့ လစာ
ပြည်သူ့ဘဏ္ဍာထဲက ပေးသင့်ပါရဲ့လားဆိုတာတွေး ဆန္ဒပြမပေးတော့ဘူးလား
လူထုက လိုအပ်ချက်ကို ဆန္ဒပြတော့ ခင်ဗျားတို့က ချွေးသိပ်သလိုတရားပြ
အနုနည်းနဲ့လူစုခွဲ ခင်ဗျားတို့ဟာ လူထုဘက်မှာ အရင်လို သွေးမရဲကြတော့ဘူး
အခုတော့ ခင်ဗျားတို့ ထိပ်တန်းနိုင်ငံရေးသမားတွေ ဟိုလူလာနှုတ်ဆက်ပြုံးပြ
ဒီလူလာတော့လည်း လေလှိုင်းထဲမှာစကားသံတွေနဲ့ လေလည်ပြ
နင်းပြား ပြည်သူတွေတွေကို ခွေးတွေလို သဘောထား
ကျုပ်တို့ကလည်း တစ်ခါလာဟုတ်နိုးနိုး တစ်ခါလာဟုတ်နိုးနိုးနဲ့ ၀မ်းသာခဲ့ကြပေသကို
ခရိုနီတွေက တစ်မျိုးဖိ ၊ ဦးပိုင်က တစ်မျိုးဖိ နင်းပြားငမွဲတွေကလည်း
မသိလို့မှ မဟုတ်ပဲဗျာ ၊ ငါတို့မှာ ခေါင်းဆောင်တွေ ရှိတာပဲ ဆိုတဲ့အသိနဲ့
ကြည့်နေခဲ့တာ ကြာပါပြီကောဗျာ ။
ဆင်းရဲသား နင်းပြားတွေမှာ ဒီမိုကရေစီအရေးအတွက်
ဇရပ်ပျက်ကြီးနဲ့တူတဲ့ NLD ဆုံးရှုံးသွားတောင်
အော် အိတ်ပူးတွေ ကျန်သေးတယ် ဟဲ့ဆိုပြီး ဖြေသိမ့်ခဲ့ရ
အခွံပဲကျန်တဲ့ နိုင်ငံကို ဆက်လက်သွေးစုပ်ဖို့ ဂျော့ဆိုးရော့ရဲ့ နဖားကျိုး
တကယ် အထိုးခံလိုက်ရပြီလား
စစ်အုပ်စုတွေက ခင်ဗျားတို့ကိုပြ နိုင်ငံတကာမှာ ဆန်တောင်းလို့ ရမယ်ဆိုတာသိတော့
ပွင့်လင်းသယောင် ဗန်းပြ ဆန်ရှင်တွေပြန်ရုတ်ဖို့အရေး
နိုင်ငံရေးအကျဉ်းသားတွေ တသုတ်ပြီးတသုတ်ခွဲလွှတ်ပြ
ဒါအပြင် ဘာများပိုပြီး အခွင့်အရေးရခဲ့ကြလို့တုန်း။
တော်ပါပြီ ဗျာ .... တကယ့်ကိုတော်ပါပြီ
မြန်မာ့နိုင်ငံရေးဟာ တကယ်ကို ကျွန်တော်တို့လို ပြည်သူ
ဘယ်သူ့ ဘယ်သူမှ ခင်ဗျားတို့လောက်နားလည်မှာ မဟုတ်ပါဘူး ။
ကျောမွဲတွေရဲ့ ခတ်တဲ့ ဒဏ် ကို ခင်ဗျားတို့ ခံနိုင်ပါစေ
ပြည်သူကပေးတဲ့ မေတ္တာဆူး ခင်ဗျားတို့ ဘယ်တော့မှ မစူးပါစေနဲ့လို့ ဆုတောင်းပေးရင်း
ခံစားရသလောက် လူမိုက်လုပ်ပေးလိုက်ရပါကြောင်း
မြန်မာ့နိုင်ငံရေး ဦးဆောင်သူ အပေါင်းတို့ ခင်ဗျ ။
Bo Han
;