ဤနေရာတွင်
ကျနော်နဲနဲအကြံပြုချင်သည်မှာ
မိကျောင်းမင်းရေခင်းပြတာလဲမဟုတ်ပါ...လူကြီးမင်းများသိပါလိမ့်မယ်....ယခင်တုန်းကနိုင်ငံတနိုင်ငံဖွံ
့ဖြိုးတိုးတက်မှုနဲ့ အပြောင်းအလဲဆိုင်ရာများမှာ စီးပွားရေးနဲ
့စစ်ရေးချိန်ခွင်လျှာမျှမှုကနေ ယခုအခါ စီးပွားရေး စစ်ရေးနဲ
့နည်းပညာဆိုပြီးပါဝင်လာပါသည်..။ထို့ အတူ ထင်ရှားတဲ့ သတင်းနဲ့ နည်းပညာ
တော်လှန်ရေးတရပ်အဖြစ် ကမ္ဘာတ၀န်းက
အာရပ်နွေဦးကိုထောက်ပြခဲ့ပါတယ်..။ဒါဟာနည်းပညာရဲ
့စွမ်းအားကိုထုတ်ပြလိုက်နိုင်တဲ့ အချက်ဖြစ်ပါတယ်...လွန်ခဲ့သောလများကလဲ
အမေရိကန်နိုင်ငံတခုကပညာရှင်တယောက်ဟာ တရုတ်နိုင်ငံကို
အာရပ်နွေဦးလိုမျိုး(စင်ကျန်နဲ့ တိဗက်နယ်တွေကကိစ္စတွေကနေဖြစ်ပွားနိုင်တယ်လို
့)သုံးသပ်ပြခဲ့ပါတယ်။တရုတ်နိုင်ငံ့ခေါင်းဆောင်ကြီးများဟာလဲ ၁၉၉၀
မျိုးဆက်လို့ ခေါ်တဲ့ အင်တာနက်သုံးလူငယ်မျိုးဆက်တွေကို
တော်တော်လေးကြောက်လာကြပါတယ်။အင်တာနက်ပ်ါမှာ
လွတ်လပ်စွာထုတ်ဖော်လာကြပါတယ်..။ထို့ အတူ
နိုင်ငံတနိုင်ငံဟာလဲအင်တာနက်ရေစီးကြောင်းကြောင့်လဲပြိုသွားနိုင်လို
့တရုတ်ပြည်တွင်းမှာဖြစ်သမျှအဓိက၇ုဏ်းများကိုတော်တော်လေး သတိထားပြီး
ဖြေရှင်းနေတာတွေမြင်နိုင်ပါတယ်..။ မြန်မာနိုင်ငံရဲ
့အင်တာနက်သုံးစွဲသူလူတန်းစားဟာနည်းပါးနေပြီး နည်းပါးနေသလောက်မှာတောင်
ဟိုးယခင်က ရက်စက်သည့် သတင်းများကို ကျနော်တို
့သိမြင်နိုင်နေပါပြီ..။သတင်းများအစည်းအတားမရှိဖြစ်ပေါ်လာနေပါတယ်..။ကျောင်းသားတွေ
နတ်ပွဲတင်ပြီးစာမေးပွဲဆုတောင်းတာကအစ ဦးအောင်သိန်းလင်းအဆုံး
အတွေးအခေါ်တော်လှန်ရေးတွေများများစီးဆင်းဖြစ်ပေါ်လာနေပါတယ်..။ဟိုတလောကလွှတ်တော်အမတ်များအနေဖြင့်
တင်သွင်းသည့် အဆိုများတွင်
ရုပ်ရှင်ရုံရှိနိုင်ငံတော်အလေးပြုရမည်ဟုဆိုသည်များ တင်သွင်းသည်များမှာ
ခေတ်အလွန်ဟောင်းနေသည့် သဘောတရားများနှင့် တော်တော်လေးကိုမထိရောက်သည်
့ဥပဒေများဖြစ်နေပါသည်..။(လူဆိုတာပါဝင်စီးမျှောမှုရှီမှ
လိုက်နာတတ်ပါတယ်)။အင်တာနက်ပေါ်က
လူတွေနိုင်ငံရေးစီးမျှောမှုတွေကိုဝင်ရောက်ကြည့် ရှစေလိုပါတယ်။
ယခုဆန်ရှင်ဖွင့်ပြီ နိုင်ငံခြားရင်းနှီးမြှပ်နံ့ မှုတွေလာနေပြီ ထို့ ပြင်
အာစီယံလွတ်လပ်စွာကုန်သွယ်ရေးတို့ လဲလာနေပြီကျနော်တို့ ဘာလုပ်မည်နည်း။
မြန်မာပြည်ဖယောင်းတိုင်လှုပ်ရှားမှုသည်
ဥပမာတခုအသွင်ပြသလျှက်ရှိပါသည်..။လူတန်းစေ့မဟုတ်လျှင်တောင် အများစုဟာ
အင်တာနက်ကိုအဖိုးနှုန်းချိုသာစွာနှင်အသုံးပြုနိုင်ရေးလုပ်ရပါမည်။့ထို
့အပြင် အင်တာနက်ပေါ်တွင်လွတ်လပ်စွာထုတ်ဖော်မှုကိုပါပိတ်ပင်ထားသည်
့အီလက်ထရောနစ်လိုပုဒ်မမျိုးကိုပါ ဖယ်ရှားသည်
့အဆိုများတင်သွင်းစေလိုပါသည်..။ ပထမဆုံးတချက်အနေနဲ
့အပြောင်းအလဲများလုပ်မည်ဆိုလျှင်
လူထုကိုအားကိုးရပါမည်..။လူထုနိုင်ငံရေးရေချိန်နဲ
့ယဉ်ကျေးမှုရေချိန်မြင့်မားစေရန်နည်းပညာက
ပထမဆုံးအရေးပါနေပါသည်..။ထိုသည်ကိုသိချပ်စဉ်းစားစေလိုပြီး
လုပ်ဆောင်စေလိုပါသည် ။
ဒေါင်းခေတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment