ခုဆို
သတင်းစကားတွေအလွန်အကျွံ သောက်သုံးထားလို့
ကျွန်တော်တို့ မြို့ လေးက အိပ်ယာတွေ အိပ်ရေးပျက်နေပါပြီ ။
ကားမရှိတဲ့ လူတွေပေါ်မှာ လမ်းမတွေက တ၀ီဝီ လီဗာကုန်ဆောင့်ဆောင့်နင်းနေရသော
ခြေလက်များ
ကျောက်တူးသမားရဲ့ ကိုယ်လေးလက်ဝန် စိတ်လိုလက်ရ အဆောင်အယောင်တပ်မက်မှု
ဒီဂရီ အနိမ့်အမြင့်
နှုတ်ခမ်းတွေရဲ့ ရွေ့လျားမှုကို အရေးတကြီး စနစ်တကျ သယ်ယူပို့ဆောင်မှုစနစ်
ကုန်း/ရေ/လေ
ခြေရာခံစနစ် များ အဆင့်မြင့်လာမှု မြေပေါ်မြေအောက် ကလပ်စီးများ ၊ ဆဲလ်များ
ဆန့်ကားပျံကျဲလာမှု
ရွာက သာဒင်ကြီး အမှုမပြီးသေး သူ့အမှုက မရှိမှု ၊ မသိမှု ၊ မတတ်မှု များ
+ အလားတူအမှုကြွေးကျန်များ
အခြေအနေဟာ အချိန်အခါကို အချိန်ကိုက် မိုင်းဗုံးတွေရဲ့ အော်သံများ ၊
ဟားတိုက်ရယ်မောသံများ
အထူအပါးဟာ သတင်းထောက်မတစ်ယောက် ရဲ့ ချွေးနံ့ ပျောက်ဆေး
အပေးအကမ်းများ တဖျတ်ဖျတ်
ပါးစပ်ထဲဆွဲသွင်းလိုက်တဲ့ သီချင်းဟာ အမှန်လေးပါတဲ့ ... လန် ...လန် ထွက်
နေတဲ့ကဗျာများ
ဝစ်လစ်စလစ် များရဲ့ ခန္ဓာကိုယ်ပေါ်ထိုးသွင်းပေးလိုက်တဲ့ ဆေးမှင်ကြောင်များ
ခန္ဓာကိုယ်တစ်ခုစာ
တစ်ယောက်နဲ့တစ်ယောက် အသားချင်းပွတ်တိုက် ထိခိုက်လိုက်ရမှ အကြောအချင်ပြေ
သံခင်းတမန်ခင်း မီးခွက်မှုတ် ညနေခင်းများ
ထမင်းလုံးတစ္ဆေများရဲ့ ခြောက်လှန့်မှုဟာ အများပြည်သူကျီးလန့်စာစား
ပုဒ်မတပ်မရသောရောဂါများ
ငွေစက္ကူရိုက်ထုတ်နိုင်သလောက် စစ်ပွဲပေါင်းမြောက်များစွာ ရိုက်ထုတ်ခဲ့သော
စာအမှတ် ၂၀၁၁/....................
ကျည်သွားရာလမ်းပေါက် ဂျိုးငှက်ကို ဇရက်ထင် ကိုယ့်သွေးကိုယ့်သားကို မခင်တွယ်သော
ရောဂါသည်များ
လက်ကျန် ခွက်ကပ်နဲ့ရူးနေသော လက်သင့်ရာစားတော်ခေါ် ကင်မရာများ
တဖျတ်ဖျတ် ၊ တလတ်လတ်
အိပ်ချင်ပြေ အာသာပြေစကားဝိုင်းတစ်ဝိုင်းရဲ့တန်ကြေးတစ်နေ့
သိန်းပေါင်းဘယ်လောက် ... ဘယ်လောက်.... ဟွား ...
၂၀၁၂ မှာ ငရဲခွေးကြီးဟာ Enter တစ်ချက် ခေါက်လိုက်ရုံနဲ့ ကျွန်တော်တို့အပေါ်
တပ်ဆင်ပေးလိုက်သော ရွှေရည်စိမ်များ
နှစ်(၆၀)ဆယ် ညီညွှတ်ရေးနှင် အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်း
ဇီးရိုး ထမင်းဝိုင်းများ၏ မေးရိုက်သံခပ်ပြင်းပြင်းများ
အမှန်တရာမီးအိမ်ဆွဲထားသော အထည်ကြီးပျက်များ၏လက်ဖ၀ါး လက်ဖမိုးများ
တစ်ကြောင်းဆွဲအရေးအကြောင်း ပြဿနာများ
အတ္တကို ကိုယ်စီကိုယ်စီ မိတ္တူပွားပြီး တစ်ယောက်ကအစတစ်ရာထိ ဆက်လက်ဝေငှလိုက်ပါတယ် ။
Bo Han
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment